View previous topic :: View next topic |
Author |
Message |
mypoembag New Member
Joined: 15 Mar 2008 Posts: 2 Location: မိုးကုတ်ြ&
|
Posted: Sat Mar 15, 2008 5:19 pm Post subject: April Nway nae` Ptouk War |
|
|
ဧပရယ်နွေနဲ့ ပိတောက်ဝါ
သက္ကရာဇ်တွေ မှီငြမ်း
ဧပရယ် အနမ်းတွေ ဖူးလာတာ
အချိန် ဘယ်လောက် ကြာခဲ့ပါလိမ့်။ ။
ပိတောက်တစ်ခက် အတွက်
မိုးပြေးနဲ့ ဖိုးငှက်ကလေးတွေ
ပြေးဆော့လို့ ကြိုဆိုတဲ့ ဧပရယ်။ ။
ဖူးငုံလှိုင် သင်းကြိုင်လို့
အဆင်းမှာ ၀င်းဝင်းဝါနဲ့
နွေမှာတောင် ဒီတစ်ခါသာ
ပွင့်လို့လာတဲ့ ပိတောက်ဝါ။ ။
အလှယှဉ် ဆံနွယ်ဆင့်
ဘယ်သူ့ ယဉ်တစ်ကိုယ် အလှပိုလို့
မင်းအတွက်သာ ယှဉ်ပြိုင်မည့် အလှမယ်တွေ။ ။
သင်္ကြန်ပျို မယ်ခင်နှမ
ယဉ်ယဉ်သာ ရွှေဆံထုံးရယ်နဲ့
ပိတောက်ကို လေးနက်စွာပန်။ ။
အမှတ်တရနွေခါ
ကစားကြ ရေအတာနဲ့
ပိတောက်တွေဝင်း
ရွှေမြန်မာ ပြည်သာ အေးစေကြောင်း
ဧပရယ်မှာ တောင်းဆုပြုကြလေ။ ။
ဒီကဗျာလေးကို ကျွန်တော် မတ်လ ၁၄ရက်နေ့ မနက် ၁နာရီထိုးခါနီးမှာ ရေးထားတာပါ။ သင်္ကြန်ကို မြန်မြန်ရောက်ချင်လွန်းအားကြီးလို့။ ပြီးတော့ ပိတောက်တွေကို မျက်စိထဲ မြင်နေမိလို့ ဖြစ်ပေါ်လာတဲ့ ခံစားမှုလေးပါ။ ( http://mypoembag.iblogger.org ) |
|
Back to top |
|
|
alinaboom New Member
Joined: 21 Jun 2009 Posts: 3 Location: USA
|
|
Back to top |
|
|
|