NyiMoeEain Moderator
Joined: 17 Jan 2008 Posts: 43 Location: Ygn
|
Posted: Sun Mar 30, 2008 2:03 pm Post subject: PaTauk Tit Sar May May Myit Thar |
|
|
မေ့မေ့မေတ္တာ ပိတောက်သစ္စာ
အိမ်မက်အသေတွေထဲကနေ
ငါဟာနိုးထလာခဲ့တယ်.....
နိုးထခြင်းတော့မဟုတ်ပေမယ့်
ခေါ်သံတစ်ခုအနေနဲ့  နှိုးထခြင်းပေါ့
နွေဦးရဲ့ ကောင်းကင်ပြာအောက်မှာ
ကျွန်တော်ချစ်သော မေမေက
ကျွန်တော်ချစ်သော ပိတောက်ပန်းနဲ့ 
အကြိုမနက်မှာ ပြုံးရွင်နေတယ်
နွေးထွေးလှတဲ့  ရင်ခုန်သံက
ပိတောက်ပန်းဆီကလား မေ့မေ့ဆီကလား
သစ္စာရှိတဲ့ ပိတောက်ပန်းတွေက
မေတ္တာတွေပြည့် နေတဲ့ မေမေ့ခေါင်းအထက်မှာ
လှပစွာနေရာယူထားခဲ့ ပြီလေ
ဓာတ်သဘောစပ်နှောခဲ့လို့ 
မေတ္တာပေါင်းကူးတံတားတစ်စင်း
မြေပိတောက်ထံသို့ ခညောင်းခဲ့ပြီ
နွေဦးကန့် လန့် ကာနောက်မှာ
သစ္စာအရိပ်ခိုလှုံနေတဲ့ 
ပန်းပိတောက်က မေတ္တာတွေဝေနေခဲ့ ပြန်ပြီ
တစ်နှစ်မှာတစ်လ တစ်လမှာဧပြီ
ဧပြီမှာပိတောက် .......
မေတ္တာရေလွမ်းနေတဲ့ မေမေ့ဦးခေါင်းအထက်မှာ
သင်္ကြန်အခါတော်အရောက်....
သစ္စာတွေမပြယ်ပြန်းပဲရှိနေခဲ့ပြီ ပန်းပိတောက် |
|